Telegram မှာ “Too many attempts, please try again later” ဆိုတဲ့ စာသား ပြတယ်ဆိုရင်...

  အကောင့်ကို ခဏခဏ ထပ်မဖွင့်ပါနဲ့ ၊ ထပ်ဖွင့်ရင် Code Request အကြိမ်များလွန်းတာကြောင့် Telegram က spam ဖြစ်နိုင်တယ်လို့ သတ်မှတ်ပြီး ခဏရပ်နားထားတာပဲ ဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အောက်ကနည်းလမ်းတွေကို စမ်းကြည့်ပါ -

🔸Telegram က auto-block တင်ထားတာဖြစ်လို့ စောင့်ရတာ တစ်ခါတလေတော့ လိုအပ်တတ်ပါတယ်။(Code Request များများမတောင်းပါနဲ့)

စမ်းကြည့်ဖို့ အတွက် Telegram x ကို Playstore ကနေ ဒေါင်းယူပြီး ဖွင့်ကြည့်ရင် စောင့်ရမယ့် အချိန်ကို ပြပေးပါတယ်။သတ်မှတ်ပေးထားတဲ့ အချိန်ထိ စောင့်ပြီးမှ ထပ်ဖွင့်တာက ပိုအဆင်ပြေပါတယ်။

🔸VPN သုံးနေရင် Telegram က suspicious request လို့ ယူဆပြီး block လုပ်နိုင်ပါတယ်။
VPN ပိတ်ပြီး မိမိမူရင်း IP နဲ့ login ကြိုးစားကြည့်ပါ။

🔸သင့်နံပါတ်အတွက် တော်တော်ကြာ block ထားနေတာ ဖြစ်တယ်လို့ထင်ရင်၊ ဘယ်နေ့ကစပြီး ပြဿနာဖြစ်တယ်ဆိုတာ ပြောပြီး Support ကို စာပို့နိုင်ပါတယ်။

ရေးရမယ့် စာ

Hello Telegram team,

I'm facing "too many attempts, please try again later" problem.Please fix my this problem as soon as possible.

Thank you.

Support Link

https://telegram.org/support

အဆင်ပြေကြပါစေ

#မိုးထက်ယံ_နည်းပညာ