Telegram မှာ “Too many attempts, please try again later” ဆိုတဲ့ စာသား ပြတယ်ဆိုရင်... Telegram x ဆော့ဝဲဖြင့် အချိန် ကြည့်နည်း
━━━━━
ဒီလိုစာသား ပြနေပြီဆိုရင်.. အကောင့်ကို ခဏခဏ ထပ်မဖွင့်ပါနဲ့ ၊ ထပ်ဖွင့်ရင် Code Request အကြိမ်များလွန်းတာကြောင့် Telegram က spam ဖြစ်နိုင်တယ်လို့ သတ်မှတ်ပြီး ခဏရပ်နားထားတာပဲ ဖြစ်ပါတယ်။
🔸Telegram က auto-block တင်ထားတာဖြစ်လို့ စောင့်ရတာ တစ်ခါတလေတော့ လိုအပ်တတ်ပါတယ်။(Code Request များများမတောင်းပါနဲ့)
စမ်းကြည့်ဖို့ အတွက် Telegram x ကို ဒေါင်းယူပြီး ဖွင့်ကြည့်ရင် စောင့်ရမယ့် အချိန်ကို ပြပေးပါတယ်။ သတ်မှတ်ပေးထားတဲ့ အချိန်ထိ စောင့်ပြီးမှ ထပ်ဖွင့်တာက ပိုအဆင်ပြေပါတယ်။
🔸VPN သုံးနေရင် Telegram က suspicious request လို့ ယူဆပြီး block လုပ်နိုင်ပါတယ်။ VPN ပိတ်ပြီး မိမိမူရင်း IP နဲ့ login ကြိုးစားကြည့်ပါ။ iphone မှာတော့ ကြည့်မရပါဘူး။ ဘယ်လိုစောင့်ရမလဲ ဆိုရင် အနည်းဆုံး ၂၄ နာရီစောင့်ပြီးမှ ဖွင့်ကြည့်ပါ။
✅ ဆော့ဝဲဒေါင်းယူရန် > e.vg/KEMRPUM
Offical Telegram Channel > t.me/androiddmod
TikTok အကောင့် > www.tiktok.com/@moehtetyan_tech
0 Comments